CS
The Pragmatic WayComputer Science

© 2026 CS The Pragmatic Way

About The Pragmatic Way

လူသား များ၏ သမိုင်းတစ်လျှောက်တွင် သဘာဝ တရား များ၏ အလုပ်လုပ်ပုံ ကို ယေဘူယျ ကျကျ ရှင်းပြနိုင်သော သီအိုရီများ (Theories) ကို ဖော်ထုတ်ခဲ့ကြတယ်။

ဒီ သီအိုရီ တွေဟာ ခိုင်မာသော အချက်အလက်များ (Facts)လေ့လာ တွေ့ရှိမှု များ (Observations) နှင့် လက်တွေ့စမ်းသပ်ချက်များ (Experiments) ကို အခြေခံ၍ တည်ဆောက်ခဲ့ကြတာဖြစ်တယ်။

ဒီတော့ သီအိုရီများ၏ ယေဘူယျ ရှင်းပြချက်များကို နားလည်သဘောပေါက်ဖို့ဆိုရင် ၎င်းသီအိုရီများ၏ မြစ်ဖျားခံရာ လက်တွေ့သဘောတရားများ နှင့် ချိတ်ဆက်လေ့လာရပေလိမ့်မယ်။

မိမိတို့၏ ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ထဲမှာလဲ သီအိုရီများကို လက်တွေ့အသုံးချ၍ သင်ယူခြင်း (Learning by doing) ဖြင့် သီအိုရီ များကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာ ပေလိမ့်မယ်။

အဲဒီကနေ တဆင့် သင့်တော်တဲ့ သီအိုရီသဘောတရားများကို အချိုးညီညီ ပေါင်းစပ်ပြီး ပြဿနာများကို လက်တွေ့ကျကျ ထိ‌ရောက်စွာ ဖြေရှင်းနိုင်သော နည်းလမ်းများ ( Pragmatic ways ) ကို သိရှိလာမည်။

နောက်ဆုံးမှာ ထို Pragmatic နည်းလမ်းများကို လုပ်ငန်းများတွင် ကျွမ်းကျင် ပိုင်နိုင်စွာအသုံးချနိုင်ရန် လေ့လာသင်ယူ ရမည်ဖြစ်သည်။